Delegation
✍️ တာ၀န်ခွဲဝေခြင်း (Delegation)
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
✅ သင်ဟာ မန်နေဂျာတစ်ဦးဖြစ်ပြီး ကုမ္ပဏီရဲ့ ၀န်ထမ်းတွေပေါ်မှာ အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုပြုလုပ်ခြင်းဖြင့် အမြင့်မားဆုံး ပြန်လည်ရရှိမှုကို ဖော်ဆောင်ရမှာက သင့်တာ၀န်ပါပဲ။
✅ ထိရောက်သော တာ၀န်ပေးအပ်မှုဟာ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ တာ၀န်ပေးအပ်မှုဟာ အပြန်အလှန်ဆက်ဆံရေးနှင့် သင်ကြားရေးအတွက် အဓိက သော့ချက်ဖြစ်သလို အလုပ်ခွင် တိုးတက်ရေးအတွက် အဓိကကျတဲ့ သော့ချက်တစ်ခုလည်း ဖြစ်ပါတယ်။
✅ မည်သည့်အဖွဲ့အစည်းတွင်မဆို လုပ်ငန်းလည်ပတ်ငွေရဲ့ ၈၅% သော ပမာဏသည် လစာနှင့် ခံစားခွင့်တွေ ဖြစ်ပါတယ်။
✅ ဒီမှာ မေးစရာရှိလာတာက ဒီလူတွေဆီက အပြည့်အဝပြန်လည် စွမ်းဆောင်မှု ရပါ့မလား ❓
✅ တာ၀န်လွှဲအပ်ခြင်းဟာ နည်းလမ်းတစ်ခုဖြစ်ပြီး ဒါဟာ သင့်လုပ်ငန်းခွင်ထဲက လူတွေကို ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတဲ့ နည်းတစ်ခုပါပဲ။
✅ လူတွေကို ဘယ်လို တာ၀န်လွဲအပ်ဆိုတာ သူတို့ကို စာချုပ်ချုပ်မလား ဒါမှမဟုတ် သူတို့ရဲ့ စွမ်းဆောင်ရည်ကို ကျယ်ပြန့် မြင့်မားစေမလားဆိုတာကို ဆုံးဖြတ်ရတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။
တာ၀န်လွဲအပ်ခြင်းဟာ ဘာကြောင့်အရေးကြီးသလဲ❓
============================
✅ အရေးအကြီးဆုံး အချက်ကတော့ တာ၀န်လွဲအပ်ခြင်းဖြင့် သင့်ရဲ့ အလားအလာရှိတဲ့ အခွင့်အလမ်းတွေကို ဘယ်လို ပြီးမြောက်စေမလဲ ဆိုတာပါပဲ။
✅ အံ့သြစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ သင်ဟာ ထိရောက်တဲ့ တာ၀န်လွှဲအပ်ခြင်း၊ သင်ကြားပေးခြင်းဖြင့် သင့်ရဲ့ ကိုယ်ပိုင်မဟုတ်တဲ့ တပါးသူရဲ့ စွမ်းဆောင်ရည်နှင့် အရည်အချင်းတွေကို အသုံးချပြီး သင့်ရဲ့ မန်နေဂျာ ဒါမှမဟုတ် အဆင့်မြင့်အရာရှိ ဘ၀ရဲ့ အလားအလာ အခွင့်အလမ်းတွေကို ရရှိနိုင်စွမ်းဟာ အဆုံးမရှိ နီးနီးပါပဲ။
✌️သင်ရွေးချယ်နိုင်မယ့် အလုပ်ပုံစံ (၂) မျိုး ရှိပါတယ်။
✅ သင့်ကို တစ်စုံတစ်ခု တာ၀န်ချထားပေးခြင်းခံရပြီး သင့်မှာလည်း အခွင့်အာဏာ လုံလုံလောက်လောက်ရှိမယ်ဆိုရင် သင်ကိုယ်တိုင်လုပ်မလား ❓
တခြားလူကို တာ၀န်ပေးအပ်ခြင်းဖြင့် စေခိုင်းမလား ❓
ဆိုပြီး ရွေးချယ်ခွင့် ရှိပါတယ်။
✅ သင့်ရဲ့ တာ၀န်ခွဲဝေပေးအပ်နိုင်စွမ်းဟာ လုံလောက်အောင် ရှိခဲ့မယ်ဆိုရင် အဲဒီအရည်အချင်းဟာ သင့်ကို အောက်ပါအတိုင်း စီမံခန့်ခွဲသောနေရာတွင် အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။
✅ ထိုအရာတွေကတော့ သင့်ရဲ့ လုပ်ငန်းခွင် ရွေးချယ်မှု၊ သင့်ရဲ့ ရာထူးတိုးနှုန်း၊ သင့်ရဲ့လစာ၊ သင့်ရဲ့ ပုံရိပ်၊ သင့်ရဲ့ အဆင့်အတန်း၊ သင့်ရဲ့ လွှမ်းမိုးနိုင်စွမ်းနဲ့ သင့်ရဲ့ စီမံခန့်ခွဲမှုအရာမှာ အောင်မြင်နိုင်စွမ်းတွေပဲ ဖြစ်ပါတယ်။
ထိရောက်သော တာ၀န်လွဲပြောင်းပေးအပ်မှုအတွက် ဖြစ်လေ့ ဖြစ်ထရှိသော အဟန့်အတား (၅) ချက်
========================
✅ မကြာခဏဆိုသလိုပဲ မန်နေဂျာတွေဟာ တာ၀န်လွဲပြောင်းလေ့ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အဟန့်အတားတွေက ဖြစ်မလား မဖြစ်မလားဆိုတာကို မသေချာလို့ပါပဲ။ 🤔🤔
တကယ်တော့ ဒါတွေဟာ မန်နေဂျာ တစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ အဟန့်အတားတွေပဲ ဖြစ်ပါတယ်။ 🔒
✅ တချို့ တာ၀န်လွဲအပ်ခံရမယ့်သူတွေကို သင် သတိပြုမိပေမယ့် တချို့ကိုကြတော့ သင် သတိပြုမိမှာ မဟုတ်ဘူး။
✅ မည်သို့ပင်ဆိုစေကာမူ သင်ဟာ အရည်အချင်း မပြည့်မှီဘူးလို့ယူဆတဲ့ တာ၀န်လွဲအပ်ခံရမယ့် သူတွေကို ဟန့်တားစေတဲ့ အချက်တွေကို အလုပ်ခွင်မှာ တွေ့မြင်ရလေ့ရှိမှာ ဖြစ်ပါတယ်။
(၁) တာ၀န်လွှဲအပ်ရန်အတွက် လုံလောက်သောအချိန်မရှိခြင်း
======================
✔️ တခါတလေမှာတော့ တချို့လူတွေက အလွန်အလုပ်ရှုပ်ပြီး တချို့ကျတော့ အချိန်မှီပြီးစီးအောင် ပြုလုပ်နိုင်မယ့် အရည်အချင်းမရှိကြပါဘူး။
✔️ သူတို့ထင်နေတာကတော့ သူတို့က တစ်စုံတစ်ယောက်ကို ထိုင်ပြီး သူတို့ရဲ့တာ၀န်တွေကို ရှင်းပြပေးဖို့ အချိန်မရှိဘူးလို့ ထင်နေကြတာပဲ။
✔️ ဒါပေမယ့် တချို့လူတွေကတော့ တာ၀န်ကို လွှဲအပ်လိုက်ပေမယ့် လုံလောက်တဲ့ စောင့်ကြည့် စစ်ဆေးမှု ပြုလုပ်လေ့မရှိကြပါဘူး။
✔️ သူတို့ ပြောလေ့ရှိကြတာကတော့ ဒါကိုလုပ်၊ ဒီအချိန်တွင်း ဒါတွေကိုပြီးအောင် အချိန်မှီလုပ် ဆိုတာပဲ ဖြစ်ပါတယ်။
✔️ ဒီလိုပြောလိုက်တာဟာ သူတို့ တာ၀န်လွှဲအပ်ပေးလိုက်ပြီးလို့ ယူဆလိုက်တာပါပဲ။ တကယ့်တကယ်မှာတော့ ဒါဟာ လုံလောက်တဲ့ တာ၀န်လွှဲအပ်ခြင်း မဟုတ်ပါဘူး။
တကယ်တမ်းတော့ သူတို့ရဲ့ တာ၀န်ယူမှု တာ၀န်ခံမှုတွေကို လွှဲရှောင်ခြင်း တစ်မျိုးပါပဲ။
သင်သိထားဖို့ကတော့ အမြဲတမ်း တာ၀န်လွှဲအပ်ခြင်းအတွက် လုံလောက်တဲ့ အချိန်ဆိုတာ ရှိစမြဲပဲ ဖြစ်ပါတယ်။
✔️ ဆိုရိုးတစ်ခု ရှိတာကတော့ “ မှန်ကန်အောင်လုပ်ဖို့အချိန်ဆိုတာ ဘယ်တော့မှ လုံလောက်လေ့မရှိပါဘူး။ ဒါပေမယ့် ပြီးမြောက်အောင်လုပ်ဖို့တော့ အမြဲတမ်း အချိန်ဟာ လုံလောက်ပါတယ်။’’
✔️ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ အဖွဲ့အစည်းတွေ ဒါမှမဟုတ် လုပ်ငန်းစုတွေဟာ နားလည်မှုလွဲတာ၊ မှားယွင်းစွာ လုပ်ဆောင်မိတာတွေကို ပြင်ဖို့ အချိန်ရှိတယ်လို့ ထင်တာပါပဲ။
✔️ အချိန်ယူပြီးတော့ တာ၀န်လွှဲအပ်ပါ ပြီးတော့ အကျိုးရှိစွာ အပြန်အလှန်ဆက်သွယ်ခြင်းအားဖြင့် ပထမဆုံးလုပ်တဲ့ တာ၀န်လွှဲအပ်ခြင်းမှာတောင် အချိန်မှီ ပြီးစီးတာကို တွေ့ရပါလိမ့်မယ်။
✔️ ဤသို့ လုပ်ဆောင်ခြင်းဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီအခက်အခဲကို ကျော်လွှားနိုင်ပါလိမ့်မယ်။ အချိန်ယူပြီး တာ၀န်လွှဲပြောင်းခြင်းဟာ အကောင်းဆုံးသော အချိန်အသုံးချ လုပ်ဆောင်ခြင်းတစ်ခုပဲ ဖြစ်ပါတယ်။
(၂) တာ၀န်လွှဲအပ်ပေးရမယ့်သူက လုံလောက်တဲ့ ကျွမ်းကျင်မှုမရှိသေးဘူးလို့ ထင်မြင်ခြင်း
============================
✔️ တခါတလေ ၀န်ထမ်းတွေက လုံလောက်တဲ့ ကျွမ်းကျင်မှု မရှိဘူးလို့ လွယ်လွယ် ထင်မြင်ယူဆလိုက်တတ်ပါတယ်။
များသောအားဖြင့် မန်နေဂျာတွေဟာ သူ့လူတွေရဲ့ အရည်အချင်းတွေကို အထင်သေးတတ်ပါတယ်။
✔️ ဒါမေယ့် တစ်ခုထဲသော လူတွေရဲ့ လုပ်နိုင်စွမ်းကို စမ်းသပ်နည်းတစ်ခုကတော့ လူတွေကို အလုပ်တွေ များများပေးပြီး သူတို့ကို အမှားတွေထဲကနေ လေ့လာသင်ယူခိုင်းဖို့ အချိန်ပေးလိုက်တာပါပဲ။
✔️ လူတွေက သင့်ကို အံ့သြကြလိမ့်မယ်။ သင့်ရဲ့ ၀န်ထမ်းတွေဟာလည်း အံ့သြစရာကောင်းလောက်အောင် သူတို့မှာ တခါမှ မရှာဖွေရသေးတဲ့ အရည်အသွေးကောင်းတွေ ဆောင်ရွက်နိုင်စွမ်းတွေ ထွက်လာတယ်ဆိုတာ မယုံနိုင်လောက်အောင် တွေ့ရမှာပါ။
✔️ အဲဒီတော့ သင်ဟာ သူတို့ရဲ့ အရည်အသွေးတွေ လုပ်နိုင်စွမ်းတွေကို အသုံးချခွင့်ပေးလိုက်တာဟာ သူတို့ကိုပိုပြီး ပျော်ရွှင် ၀မ်းမြောက်စေယုံသာမကပဲ သင်ထိုကဲ့သို့ များများဆောင်ရွက်ခိုင်းလေလေ သင့်ရဲ့လုပ်ငန်းခွင်ကို ပိုပြီး ကူညီပေးနိုင်ရာ ရောက်လေလေပါပဲ။
(၃) ဒါကို မှန်ကန်အောင်လုပ်မယ်ဆိုရင် ငါကိုယ်တိုင်လုပ်မှ ရမယ်ဆိုတဲ့အစွဲ
===========================
✔️ နောက်ထပ် အစွဲတစ်ခုကတော့ အလုပ်တစ်ခုကို မှန်မှန်ကန်ကန်ပြီးမြောက်ဖို့ဆို ကိုယ်တိုင်လုပ်မှ ရမယ်ဆိုတဲ့ အစွဲပါ။
✔️ အဲဒီ အတွေးအခေါ်ဟာ ကျိုးကြောင်း ဆီလျှော်အောင် စဉ်းစားတဲ့အခါမှာ စီမံခန့်ခွဲမှုကို ကျရှုံးစေတဲ့ အဆုံးသတ်ပါပဲ။
✔️ အဲဒီအစွဲကြောင့် စီမံခန့်ခွဲတဲ့နေရာမှာ ကိုယ်ဟာ စီမံသူနေရာမရောက်ဘဲ ကိုယ်တိုင်ဆောင်ရွက်သူနေရာကနေ မတိုးတက်နိုင်ဘဲ ရှိနေတတ်ပါတယ်။
✔️ အကြီးမားဆုံးသော ဆုံးရှုံးမှုအတွက် အကြောင်းပြချက်ကတော့ အဆင့်မြင့် စီမံခန့်ခွဲသူဟာ တကယ့် စီမံခန့်ခွဲမှုနေရာမှန်ကို မရောက်နိုင်တော့တာပါပဲ။
✔️ တကယ့် သဘာ၀ ယိင်းယိုင်မှုအရဆိုရင် ဒါဟာ သင့်ကို သက်တောင့်သက်သာနေရာကနေ မရွေ့စေဘဲ သူများကို တာ၀န်ခွဲမပေးနိုင်ဘဲ ဒီနေရာမှာပဲ ရပ်နေစေပါတယ်။
သင့်ရဲ့ တကယ့်တာ၀န်ဟာ ကိုယ်တိုင်လုပ်ဖို့ မဟုတ်ဘဲ စီမံခန့်ခွဲဖို့သာ ဖြစ်ပါတယ်။
✔️ ဒါကြောင့် တာ၀န်ခွဲဝေပေးခြင်းဟာ သင့်၀န်ထမ်းတွေကို တိုးတက်အောင် သင်ကြားရေးအတွက် အလွန် အရေးကြီးပါတယ်။ သူတို့ကို အသစ်တွေ သင်ပေးပါ။ သူတို့က သင့် သူတို့ကို သင်ပေးတဲ့အတွက် ကျေးဇူး အလွန်တင်နေမှာ ဖြစ်ပါတယ်။
(၄) ကိုယ့်အလုပ်တွေကို သူများကို ခွဲဝေပေးလိုက်ရင် ကိုယ့်အလုပ်ကို ကိုယ်လုပ်တာမဟုတ်ဘူးဆိုတဲ့ အစွဲ
=====================
✔️ နောက်ထပ် အစွဲတစ်ခုကတော့ ကိုယ်က သူများကို အလုပ်ခွဲဝေပေးလိုက်ရင် ကိုယ့်ရဲ့ အလုပ်နေရာမှာ ထိပ်ဆုံးက ရှိနေတော့မှာ မဟုတ်ဘူးဆိုတဲ့ အစွဲပါပဲ။
✔️ ဒါရဲ့ ဆန့်ကျင်ဘက်ကမှသာလျှင် အမှန်ပါ။ အရာရှိတွေ၊ မန်နေဂျာတွေဟာ များသောအားဖြင့် လောဘကြီးလွန်းပါတယ်။
✔️ သူတို့အနေနဲ့ လူတွေကို ထင်စေချင်တာက သူတို့ဟာ လုပ်ငန်းတွေရဲ့ ထိပ်ဆုံးမှာရှိနေတယ် ပြီးတော့ သူတို့ဟာ ဘာဖြစ်မလဲဆိုတာကို အမြဲ တစေ သိနေတယ်လို့ ထင်စေချင်ကြတာပါပဲ။
✔️ ယနေ့ခေတ်ကြီးမှာ နေရာတိုင်းမှာ ဘာဖြစ်လာမလဲဆိုတာ အချိန်တိုင်း ဘယ်လိုမှ မသိနိုင်ပါဘူး။ ဒါပေမယ့် ဘယ်သူက ဘာကို သိတယ်ဆိုတာကိုတော့ အမြဲတစေ မျက်ခြေမပြတ် လက်လှမ်းမှီအောင် ထားနိုင်ပါတယ်။
(၅) တစ်စုံတစ်ခုမှာ သာတယ်ဆိုရင် အဲဒါကို ကိုယ်တိုင်ပဲ လုပ်သင့်တယ်ဆိုတဲ့ အစွဲ
============================
✔️ နောက်ဆုံး အစွဲတစ်ခုက ကိုယ်က တစ်ခုခုမှာ ထူးထူးချွန်ချွန်တော်နေပြီဆိုရင် အဲဒီအလုပ်ကို ကိုယ်တိုင်ပဲ လုပ်ချင်နေတဲ့စိတ်ပါပဲ။
✔️ နည်းဥပဒေအရ ဘယ်လောက်ဘဲ ရိုးရှင်းပါစေ သင်ဘာကိုပဲ တော်နေပါစေ၊ လွယ်လွယ်ကူကူ လုပ်နိုင်ပါစေ၊ သူများကို လွဲပြောင်းပေးအပ်ပြီး တာ၀န်ထမ်းဆောင်ပါစေ။
✔️ အဲဒီလို ရိုးရှင်းပြီး ထပ်ခါထပ်ခါ လုပ်နေရတဲ့ အလုပ်ကို သင်ကိုယ်တိုင်လုပ်ဖို့ မသင့်တော်ပါဘူး။
✔️ ထပ်ပြောရရင် သဘာ၀ယိမ်းယိုင်မှုဆိုတာ ကိုယ့်ရဲ့ အကျင့်တစ်ခုကို စွဲစွဲမြဲမြဲ ဖြစ်နေပြီဆိုရင် အဲဒါကိုပဲ ထပ်တလဲလဲ လုပ်နေရာတာကို ပျော်နေတာပြီး တကယ်ကိုကိုယ်တိုင်လည်း လုပ်နေချင်တော့တာပါပဲ။
✍️ လွယ်ကူတဲ့အရာတွေကို သူများတွေကို တာ၀န်ခွဲပေးလိုက်ပါ။
👌ပြီးတော့ ပိုရှုပ်ထွေးကြီးမားတဲ့နေရာမှာ ပိုပြီးလိုက်ပါပျော်၀င် စီးဆင်းလိုက်ပါ။ 😃
👉 အရေးတယူဆောင်ရွက်ပါ။
🗝ထိရောက်တဲ့ တာ၀န်ခွဲဝေပေးအပ်ခြင်းဟာ
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေရဲ့ စီမံခန့်ခွဲမှု အဓိက သော့ချက်ပါပဲ။ 🔑
👍👍 အထက်ပါ အစွဲတွေကို ဖယ်ရှားပစ်လိုက်ခြင်းအားဖြင့် သင်ဟာပိုမိုအောင်မြင်လာမှာဖြစ်ပြီး၊ လိုအပ်တဲ့ သင်ကြားမှုတွေနဲ့အတူ သင့်၀န်ထမ်းတွေ တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် စီမံ ဆောင်ရွက်နိုင်ပါပြီ။ 💪💪
စာဖတ်သူ မိတ်ဆွေအတွက် အကျိုးရှိမယ်ဆိုရင် အခြားသူများကို မျှဝေလိုက်ပါ နော်:)
လေးစားစွာဖြင့်
Ref:Delegation
Credit:Pyay Khaing