Guest Cycle
Guest Cycle နဲ့ ပတ်သက်ပြီး နည်းနည်းဝေမျှမယ် နော် ။
Guest Cycle မှာတော့
(1) Pre-Arrival (မရောက်ခင်)
(2) Arrival (ရောက်ရှိပြီး)
(3) Occupancy (တည်းခို )
(4) Departure (ထွက်ခွာ )
ဆိုပြီး အဆင့်(၄)ဆင့် သတ်မှတ်ထားပါတယ်
(1) Pre Arrival (မရောက်ခင်)
Pre Arrival အဆင့်မှာတော့ ဧည့်သည် မရောက် ခင်မှာ တော့ ဟိုတယ် မရောက်ခင်မှာ တော့ ကိုယ်လည်ပတ် မည့် နေရာ ၊ ပတ်ဝန်းကျင် ကိုအရင်လေ့လာပြီးအောက်ပါအတိုင်းတည်းခိုမည့် ဟိုတယ် ကိုဆုံးဖြတ် ကြပါတယ် ။
(၁) အရင် တည်းဖူးတဲ့ အတွေ့အကြုံ
(၂) ခရီးသွားအေးဂျင့် မှ ကြော်ငြာမှု
(၃) မိတ်ဆွေ အပေါင်းအသင်းများ၏ ထောက်ခံမှု
(၄) ဟိုတယ် တည်နေရာအနေအထား နှင့် ကျော်ကြားမှု
(၅) အထူးအစီအစဉ်များ နှင့် ပွဲတော် များ ၊ အစရှိတဲ့ အချက်အလက်တွေ ကြောင့် ကိုယ်တည်းခိုမယ့် ဟိုတယ် ကို အသေးစိတ် ရွေးချယ် ခြင်း ကို ဟိုတယ် မရောက်ခင် အချိန် ကာလ Pre Arrival stage ကတည်းက လေ့လာ ကြပါတယ်။ စိတ်ကြိုက်ရွေးချယ် ပြီးနောက် ဟိုတယ် ကို Reservation လုပ်ကြပါတယ် ။ ဧည့်သည်တစ် ယောက် Booking လုပ် တဲ့ အခြေအနေမှာ ဧည့်ကြိုဝန်ထမ်း တစ်ယောက်အနေ နဲ့ Guest’s History Record ကို ပြန်လည် Reviewed လုပ်ပြီး ဧည့်သည်တည်းခိုခဲ့ဘူး တဲ့ အတွေ့အကြုံ ၊ ဧည့်သည် နှစ်သက်မှု မနှစ်သက်မှု များ ကို ပြန်လည် Record လုပ်ပြီး နောက်တစ်ကြိမ် လာရောက်တည်းခို မည့် အခြေအနေ ကို Pre Arrival အဆင့် မှာ ကတည်း က ကြိုတင်ပြင်ဆင်ထားရန် ဖြစ်ပါတယ် ။Reservation Process ဖြစ်ပါတယ် ။
(2) Arrival (ရောက်ရှိ)
ဒါကတော့ ဒုတိယ အဆင့် ရောက်ရှိတဲ့အဆင့်ပါ ။Arrival Stage ရောက်ရှိလျှင် အောက်ပါအတိုင်းဆောင်ရွက် ကြ ရမည်ဖြစ်ပါသည်။
Reservationရှိပြီးသားဧည့်သည်လာရောက်ပါက
1. ကြိုဆို ၊ နှုတ်ဆက် နေရာချ ၊ ဧည့်ခံ ခြင်း
2. အခန်းကြိုတင်မှာကြားထားမှု ရှိမရှိ မေးမြန်း ပြီး ရှိပါက ဧည့်သည် ထံမှ Invoice Voucher (သို့မဟုတ်) Service Voucher တောင်းခြင်း
3. Service Voucher နှင့် ဟိုတယ်မှ လက်ခံထား သော Reservation တိုက်ဆိုင်စစ်ဆေးခြင်း
4. ဧည့်သည်ထံမှ Passport (သို့မဟုတ်) မှတ်ပုံတင် တောင်းခြင်း ၊မိတ္တူဆွဲ ခြင်း ၊ Registration Form တွင်ဖြည့်ခြင်း ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တောင်းခြင်း ၊
5. တည်းခိုမည့်ရက်အလိုက်အခန်းသော့ပေးခြင်း (သို့မဟုတ်) Key Card အား ဖြည့်သွင်းမှတ်သားခြင်း၊
6. ဟိုတယ်နှင့်ပတ်သက်သော Information များအားစနစ်တကျ ပေးခြင်း
7. လိုအပ်ချက် ရှိပါက ဆက်သွယ်ရန် ဌာနအလိုက် ဖုန်းနံပါတ်များ ပေးခြင်း အစရှိသည် တို ကိုလုပ်ကိုင် ဆောင်ရွက်ရပါသည်။
Reservation မရှိသော ဧည့်သည်ရောက်ရှိလာပါက
1. ကြိုဆို ၊နှုတ်ဆက် ၊နေရာချ ၊ဧည့်ခံခြင်း
2. ဟိုတယ် အခန်းများနှင့် ပတ်သက်သော information များအားရှင်းပြခြင်း ၊
3. အခန်းခစျေးနှုန်းများ ကို အခန်း အမျိုးအစားအလိုက် စနစ်တကျ ရှင်းပြခြင်း ၊
4. ဧည့်သည် ရွေးချယ်သော အခန်းတွင် ပါဝင်သော ဝန်ဆောင်မှုများ ကို ရှင်းလင်းပြသခြင်း ၊
5. ဧည့်သည်ထံမှ Passport (သို့မဟုတ်) မှတ်ပုံတင် တောင်းခြင်း ၊မိတ္တူဆွဲ ခြင်း ၊ Registration Form တွင်ဖြည့်ခြင်း ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တောင်းခြင်း ၊
6. တည်းခိုမည့်ရက်အလိုက်အခန်းသော့ပေးခြင်း (သို့မဟုတ်) Key Card အား ဖြည့်သွင်းမှတ်သားခြင်း
7. အခန်းခ တောင်းခံခြင်း ၊ အခန်းခ ကို သက်ဆိုင်ရာ Folio ထဲတွင်ဖြည့်သွင်းခြင်း ၊
8. ဟိုတယ်နှင့်ပတ်သက်သော Information များအားစနစ်တကျ ပေးခြင်း
9. လိုအပ်ချက် ရှိပါက ဆက်သွယ်ရန် ဌာနအလိုက် ဖုန်းနံပါတ်များ ပေးခြင်း အစရှိသည် တို ကိုလုပ်ကိုင် ဆောင်ရွက်ရပါမည် ။
Registration Process ဖြစ်ပါတယ်။
(3) Occupancy (တည်းခို)
Occupancy Stage တတိယ အဆင့် တည်းခိုတဲ့ Stage ပါ ။ တတိယ အဆင့် မှာ တော့ဒါလေးတွေ ဆောင်ရွက်ကြ ဖို့လိုတယ် နော်။
1. ကိုယ့်ဆီမှာလာရောက်တည်းခိုတဲ့ ဧည့်သည်တစ်ဦး ကို ဟိုတယ်ဧည့်ကြိုဝန်ထမ်းတစ်ယောက်အနေ နဲ့ အထူး အလေးထားပြီး ဝန်ဆောင်မှု ပေးရန်လိုအပ်ပါတယ်။
2. အခန်း ထဲ ရောက်ရှိ ပြီး အခန်းအတွင်းမှာ ထားတဲ့ Hotel Facilities နဲ့ Services များ ကို စနစ်တကျ ရှင်းလင်း ပြသခြင်း ၊
3. အခန်း အတွင်း သန့်ရှင်းရေး ၊ တည်းခိုနေစဉ် ဟိုတယ်မှ ပေးစွမ်းနိုင်သည့်ဝန်ဆောင်မှုများ ၊ ဥပမာ Fruit plate , Turn down service, flower arrangement အစရှိသည့် ဝန်ဆောင်မှုများ ၊ ညနေခင်း အတွက် အဆာပြေ မုန့် များ စီစဉ်ခြင်း အစရှိသည့်ဝန်ဆောင်မှုများ ကိုဆောင်ရွက်ပေးခြင်း
(မှတ်ချက် ဟိုတယ်တစ်လုံး နှင့်တစ်လုံး ကွဲပြားခြားနားမှုများရှိနိုင်ပါသည်။)
4. အခန်းတွင်းစတင် တည်းခိုပြီဆိုသည်နှင့် ဧည့်သည့် လိုအပ်ချက်များ ကို အကောင်းဆုံးသော ဝန်ဆောင် မှု များဖြင့် ဖြည့်ဆည်းပေးခြင်း ၊
5. ဧည့်သည်၏ လိုအပ်ချက်များ၊တောင်း ဆိုမှုများ ကို အခြားဌာနများနှင့် ဆက်သွယ် ဆောင်ရွက်ပေးခြင်း
6. ဧည့်သည်များ လုံခြုံရေး နှင့်ပတ်သက်သော ဧည့်သည်မှတ်တမ်းများ ကိုစနစ်တကျ သိမ်းဆည်း ခြင်း စသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ရသော အဆင့် ဖြစ်ပါသည်။
ဟိုတယ် သို့ Repeating Guests များ မကြာခဏ လာရောက်ရန် အတွက် Occupancy Stage သည် များစွာ အရေးပါလှပါသည်။
(4) Departure (ထွက်ခွာ)
Guest Cycle ရဲ့နောက်ဆုံးအဆင့် ကတော့ Departure (ထွက်ခွာ) အဆင့် ပါပဲ ။ Departure (ထွက်ခွာ) အဆင့် တွင် အောက်ပါအချက်များ ကို လုပ်ကိုင်ဆောင်ရွက်ကြပါတယ် ။
(1)ဧည့်သည်နှင့် ပတ်သက်သော Bill များ ၊ သက်ဆိုင်ရာ ဌာ နများ မှ အသုံးပြုထားသော Bill များ Miscellaneous အထွေထွေ အသုံးပြုသော Bill များ ကို ဧည့်သည် မထွက်ခွာ မှီ ကြိုတင် ပြင်ဆင်ထားရန် ၊
(2)မထွက် ခွာ မီ သက်ဆိုင်ရာ ဌာနများ အားကြိုတင်အကြောင်းကြားရန်၊
(3)Agent မှ ဧည့်သည်ဖြစ်ပါက Reservation တွင် ဖော်ပြထားသည့်အတိုင်း အခန်းခ ၊ နှင့် အခြား အသုံး များ ကို စနစ်တကျ ကောက်ခံရန် ၊
(4)Walk in ဧည့်သည်ဖြစ်ပါက ဧည့်သည်အသုံးပြုသော Bill များ ကို သေချာ ကောက်ခံရန် ၊ Deposit တောင်း ခံထားခြင်းရှိပါက Deposit Amount သေချာ နှုတ်၍ ကောက်ခံရန် ၊
(5)အခန်းသော့(သို မဟုတ်) Key card ပြန်လည်တောင်းခံရန် ၊
(6)ဧည့်သည်ထံမှ Phone Number တောင်းခံရန်
(7)ဟိုတယ် နှင့် ပတ်သက်၍ အဆင်ပြေ ၊ မပြေ မေးမြန်း ရန် ၊ အကြံပေး Feedback ရေး ခိုင်းရန်၊
(8)မိမိတို့ ဟိုတယ် တွင် တည်းခို သည့်အတွက် ကျေးဇူး အထူးတင်ကြောင်း ၊ မိတ်ဆွေ များ ကို ဟိုတယ် နှင့် ပတ်သက်၍ Recommendation ပေး ရန် တောင်းဆိုခြင်း စသည့် အချက် အလက်များ ကို Departure Stage တွင် တွင်ပြုလုပ်ကြပါသည်။.
အားလုံး တိုးတက် နိုင်ကြပါစေ။
ထပ်ဆင့် ဖြည့်ဆည်းပေးနိုင်ပါတယ် ...