“Hotel Reservation”

 “Hotel Reservation”


Receptionist အဖြစ်တာဝန်ထမ်းဆောင်လိုသူများသည်၊ Hotel Reservation အကြောင်းကိုလည်းအပြည့်အစုံသိရှိထားဖို့လိုအပ်ပါသည်။ ထို့ကြောင့် Reservation အကြောင်းတ‌စေ့တစောင်းလေ့လာကြည့်ကြရအောင်ပါ။

Reservation အမျိုးအစား ၂ မျိုးရှိပါသည်။ Guaranteed Reservation နှင့် Non-guaranteed Reservation ဖြစ်သည်။

၁။ Guaranteed Reservation
-----------------------------------------------
တည်းခိုမည့်သူကသော်၎င်း၊တစုံတဦးကသော်၎င်း၊အဖွဲ့တဖွဲ့ကသော်၎င်း အခန်းခနှင့်အခန်းတည်းခိုခြင်းနှင့်ဆက်စပ်သည့်ကျသင့်စရိတ်များနည်းလမ်းတမျိုးမျိုးဖြင့်အာမခံထားပြီး ရယူထားသောReservation အမျိုးအစားကို Guaranteed Reservation ဟုခေါ်ပါသည်။ 

ဧည့်သည်အလွန်များသည့်ကာလ နှင့် Business ကောင်းသောဟိုတယ်များတွင် Guaranteed Reservation ကိုသာအများဆုံးလက်ခံတာများပါသည်။ 

Reservation ဌာနက လက်ခံရယူထားတဲ့ ဒီ Reservation အမျိူးအစားအတွက် ဟိုတယ်ဘက်က အာမခံပေးထားရတာကတော့ .......
Reservation မှာပါဝင်တဲ့ Arrival Date ကနေ Departure Date ရောက်ချိန်အထိ တည်းခိုမည့်ဧည့်သည်သော်၎င်း၊ Reservation တင်သူမှ၎င်း cancel မလုပ်မချင်း Reserved လုပ်ထားသည့် အခန်းကိုအခြားမည်သည့်ဧည့်သည်ကို မျှရောင်းချခြင်းမပြုတာပါပဲ။

အပြန်အလှန်အားဖြင့်ဟိုတယ်သို့အကြောင်းအမျိုးမျိုးကြောင့်ဧည့်သည်လာရောက်တည်းခိုနိုင်ခြင်းမရှိပါကဧည့်သည်
သို့မဟုတ် Reservation တင်သူမှ Reservation ဌာနသို့တရားဝင်အကြောင်း
ကြားပေးရမှာဖြစ်ပါတယ်။ 
Reservation Cancellation Policy ပါအချက်အလက်များကိုသဘောတူလက်ခံရ‌သည်။

တည်းခိုမည့်သူသည် အောက်ပါနည်းလမ်းတမျိုးမျိုးဖြင့် မိမိ၏  Reservation အားအာမခံချက်အပြည့်ရှိသည် Guaranteed Reservation ဖြစ်စေရန်ဆောင်ရွက်ထားနိုင်ပါသည်။

A) A Prepayment guaranteed reservation- 

အခန်းခနှင့် ဆက်စပ်ကုန်ကျစရိတ်အားလုံးအတွက်ကြိုတင်ပေးချေထားခြင်း
 (Total Cost of Rooms, Meals, Meeting room charges, etc.)

B) Advance deposit guaranteed reservation

အခန်းခနှင့် ဆက်စပ်ကုန်ကျစရိတ်အတွက်ကြိုတင်‌ငွေအချို့ပေးထားခြင်း
(Partial Cost of Rooms, Meals, Meeting room charges, etc.)

C) Credit card guaranteed reservation

အကြွေးဝယ်ဘဏ်ကတ် အချက်အလက်အပြည့်အစုံပေး၍အာမခံထားခြင်း

D) Travel agent guaranteed reservation 

ဟိုတယ်နှင့်စာချုပ်ချုပ်ဆိုထားသည့် ခရီးသွားကုမ္ပဏီမှစီစဉ်အာမခံပေးခြင်း

E) A Corporate guaranteed reservation

ဟိုတယ်နှင့်စာချုပ်ချုပ်ဆိုထားသည့် စီးပွားရေးကုမ္ပဏီ၊ NGO၊ INGO၊ Embassy၊ Government စသည့် အဖွဲ့အစည်းတခုခုမှစီစဉ်အာမခံပေးခြင်း

၂။ Non-guaranteed Reservation
---------------------------------------------------
အထက်ဖော်ပြပါ နည်းတနည်းနည်းနှင့်မျှ အာမခံထားခြင်းမရှိသော Reservation အမျိုးအစားကို Non-guaranteed Reservation ဟုခေါ်ပါသည်။ 

ဧည့်သည်နည်းပါးသောကာလ နှင့် Business သိပ်မကောင်းသော ဟိုတယ်များတွင် Non-guaranteed Reservation ကိုလက်ခံဆောင်ရွက်ပေးပါသည်။ 
ဟိုတယ်အလိုက်ကွဲပြားမှုများစွာရှိနိုင်ပါသည်။

Non-guaranteed Reservation များကို Arrival Date ၌ ညနေ ၆ နာရီအချိန်ထိလက်ခံထားရှိတတ်ကြပြီး၊ ထိုအချိန်ကျော်၍ဧည့်သည်ရောက်ရှိမလာပါက ဧည့်သည်အားထပ်မံအသိပေးစရာမလိုပဲ cancel လုပ်နိုင်ပါသည်။ အခြားဧည့်သည်အားရောင်းချနိုင်ပါသည်။

သို့သော် Non-guaranteed Reservation တင်ထားသူသည် Hotel နှင့်နှီးနွယ်ပတ်သက်သူသော်၎င်း၊ Loyal Guest ဖြစ်လျှင်သော်၎င်း မိမိ Hotel ၏သက်ဆိုင်ရာအကြီးအကဲထံမှညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်နိုင်ပါသည်။

#ကျွန်တော်ရေးသားသောပို့စ်များကိုလွတ်လပ်စွာဝေမျှနိူင်ပါသည်
Ref: Front Office Management, AHLA
Kyaw Soe Win
26.05.2022