မန်နေဂျာ တစ်ယောက်ဖြစ်လာမယ်ဆိုရင်ဘာတွေ လုပ်ရမလဲ ဆိုပြီးမေးနေကြတဲ့ ညီ/ညီမတွေ အတွက်

 မန်နေဂျာ တစ်ယောက်ဖြစ်လာမယ်ဆိုရင်ဘာတွေ လုပ်ရမလဲ ဆိုပြီးမေးနေကြတဲ့ ညီ/ညီမတွေ အတွက်

Management
+++++++++
Which is to get the job done , to achieve the objectives , to effort the others.
Step by step to become a good manager
သင်ရိုးတွေ ထဲမှာ တော့ မန်နေဂျာ ဆိုတာ ဖြစ်လာဖို့ အတွက် အဆင့်ပေါင်း များစွာ ကို ကျော်ဖြတ်လာပြီးမှ မန်နေဂျာ တစ်ယောက် ဆိုတာဖြစ်လာ တာ အမှန်ပါ ။ (မိုးကျရွှေကိုယ် တွေ လည်း ရှိနေနိုင်ပါတယ်ဗျ)
Knowledges about all Standard Operation Procedures
မန်နေဂျာ တိုင်းက SOPs အားလုံး ကိုတတ်ကျွမ်းစရာ မလိုပေမယ့် ကိုယ်
ရပ်တည် ရှင်သန်ဖြတ်သန်းလာတဲ့ ဘဝ ဇာတ် ခုံ အစုံစုံ မှာ တတ် ကျွမ်း နားလည် ရမယ့် Terminologies တွေ SOP တွေ , အားလုံး ကို သိအောင် တတ်အောင် လေ့လာဖို့ ကလည်း လိုသေးတာအမှန်ပါ။
POLC ဆိုတဲ့ Planning , Organizing , Leading , Controlling ဆိုတဲ့ Management ရဲ့ Basically Function တွေ ကို နားလည် ဖို့ လိုသလို နေ့စဉ် နေ့တိုင်း မိမိဦးဆောင်ရုန်းကန် ရတဲ့ အဝန်းအဝိုင်း ကို နာမည်ကောင်းတစ်ခုရဖို့ အတွက် မိမိ တတ်ကျွမ်းနားလည် သမျှ ပညာရပ် တွေ ကို နိုင်စွမ်း၊ တတ်စွမ်းသလောက် ဦးဆောင်ဦးရွက် ပြုရမှာ ဖြစ်သလို ကိုယ့် လက်အောက် HODS တွေ ကိုယုံကြည်စွာ တာဝန်ခွဲဝေ ပေးခြင်း ဆိုတဲ့ Process ရှိဖို့လည်း လိုသေးတယ်လေ။
ဦးခေါင်းတစ်လုံးနဲ့ ရေအိုး(၁၀) လုံး ကို တစ်ပြိုင်နက် မရွက်နိုင်သလို လုပ်ငန်းတာ ဝန် တွေ အများကြီး ကို ငါ တစ်ယောက်တည်းသိ၊ တတ် ၊နားလည်နေပြီး လုပ်နေလို့လည်းမရပေဖူး။ အဲလို လုပ် မယ် ဆိုရင် တော့ ကိုယ်ပဲ လူရောကိုယ်ပါ ပင်ပန်းမှာအမှန်ပဲ ဆိုတော့ Delegation ဆိုတဲ့ ယုံကြည်စွာ တာဝန်ခွဲဝေပေးခြင်း ဆိုတဲ့ လုပ်ငန်းစဉ် ကို ဆောင်ရွက်မှ ညတိုင်းညတိုင်းကောင်းကောင်းအိပ်ပျော်မှာပါဗျ။
Follow up &Check up
ယုံကြည်စွာတာဝန်ခွဲဝေပေးခြင်း ဆိုပေမယ့် ကိုယ် Assignment ချထားတဲ့ လုပ်ငန်းစဉ်တွေ ပြီးမြောက် အောင်မြင်မှုရှိသလား/မရှိဘူးလား ဆိုတာ ပြန်လည် စစ် ဆေးမှ အကယ်၍ လိုအပ်မှု ရှိသလား ၊မရှိဘူးလား ဆိုတာ သုံးသပ် နိုင်ပြီး လိုအပ်ချက် ရှိပါက ပြန်လည် ပြုပြင် မွမ်းမံဆောင်ရွက်စေ နိုင်မှာ အသေအချာပါပဲ ။
Rules & Regulation
ကိုယ် ချမှတ်ထားတဲ့ Rules &Regulation တွေ ကို တိကျစွာလိုက် နာဆောင်ရွက် ခြင်း ဆို တာ မန်နေဂျာ ကောင်းတစ်ယောက်ရဲ့ မဖြစ်မနေ ဆောင်ရွက်ရမယ့် ဝတ္တရား နဲ့ တာဝန်တစ်ခုပါ။ " ငါ ပြောသလို လုပ် ၊ ငါလုပ်သလို မလုပ်နဲ့ " ဆိုတာ ဆောင်ပုဒ် အတိုင်း ပြုမူ ဆောင်ရွက် နေမယ် ဆိုရင် တော့ ကိုယ့် ကို "စံ" တစ်ခု လို သတ်မှတ်ထားတဲ့ တပည့်တွေ အနေနဲ့ အထင်လွဲမှာ အတုယူ လွဲမှား စေမှာ အမှန်ပါ။
ကျောသားရင်သား မခွဲခြားပဲနဲ့ ဆုပေးဒဏ်ပေး စနစ် ကို ကျင့်သုံးစေခြင်း ဟာ မန်နေဂျာ ကောင်းတစ်ယောက် ရဲ့ အကောင်းဆုံး အမူအကျင့်တွေ ဖြစ်ပါတယ်။
Training & Development
ကိုယ့် အနီးနားမှာ ရှိတဲ့ HODs Level တွေ ကော , Supervisor Level တန်း တွေ ကော First line staff တွေ အားလုံး ကို ကော ကိုယ့် ကိုယ်ယုံကြည်စွာ လုပ်ငန်းတိုးတက်ရေးတွေ မှာ တစ်တပ်တစ်အား ပါဝင်နေကြတဲ့ ဝန်ထမ်းတွေ အားလုံး ကိုယ်စီကိုယ်င မှာ ဘာတွေ များလိုအပ်နေလဲ ဆိုတာ ကို အမြဲတမ်း သုံးသပ် ကြည့်ရှုပြီး လိုအပ်တဲ့ အရာတွေ ၊ လိုအပ် တဲ့ ဝမ်းစာတွေ ဖြည့်စွမ်း ပေး နိုင်မှ ကိုယ်တိုင် ကော ကိုယ့် ကို အလုပ်အကျွေးပြုနေတဲ့ Property ကော တိုး တက်ကောင်းမွန်မှာ အမြဲ ပဲ ဆို တော့ ကိုယ့် Internal Customers တွေ ရဲ့ လိုအပ် နေ တဲ့ အရည်အသွေး တွေ ကို ရှုထောင့်ပေါင်းစုံ နဲ့ သုံးသပ် ဖြည့်ဆည်းပေး နေရမှာ အမှန်ပါ။
Agility &Resilience Skills
သွက်လက် မှန်ကန် မြန်ဆန် ပြီး ဘယ်ဘက် က စမ်းစမ်း ကြုံလာမယ့် အခက် အခဲ မှန်သမျှ ကို ရင်ဆိုင် နိုင် ရမယ့် အရည်အ သွေး တွေ လည်း တတ် ကျွမ်း ဖို့ လို အပ်ပါတယ်။ ငါ မန်နေဂျာ ကြီး ပဲ ဆိုပြီး ငါတစ်ကောကော ပြီး ခုခေတ် အခေါ် " ဂုဏ်ဆာ" နေ မယ် ဆိုရင် လည်း ရေရှည် မှာ အဆင် ပြေမယ် မထင် ပါဘူး။ ဟိုတယ် ရဲ့ Operation တစ်ခု ရှေ့ တမ်း ရောက်ဖို့ အတွက် လိုအပ် တဲ့ ရှုထောင့်ပေါင်းစုံ ဌာနပေါင်းစုံ ကို ကိုယ် တိုင် ဝင်ပြီး ဆောင်ရွက် ရမယ့် အချိန် မှာ လည်း ပါဝင် စေဖို့ အရည်အသွေး ရှိဖို့ လည်းလိုပါတယ်။
Expert about Profit & Loss statement, Cost Controlling and and Salesmanship Strategies
အကျိုးအမြတ် တစ်ခု ရဖို့ အတွက် မိမိ Product ကို ရောင်းချ ဖို့ အရည်အသွေး ဗျူ ဟာ များ ကို လည်း ထောင့်ပေါင်းစုံ က စဉ်းစားတတ် ရမှာဖြစ်သလို ဌာနအသီးသီး မှ တင်ပြချက်များကို သုံးသပ်ပြီး ဆုံးဖြတ် နိုင်တဲ့ Authorized လည်းရှိဖို့ လိုအပ်ပါတယ်။ ငွေကြေး အမြတ်အစွန်းရဖို့ အတွက် မှန်ကန်တဲ့ ဗျူဟာ ချမှတ်ဖို့ လိုအပ် သလို ကုန်ကျ စရိတ်တွေ ကို ချွေတာ တဲ့ နေရာမှာလည်း နည်းမှန်လမ်းမှန်နဲ့ ထောင့်ပေါင်းစုံ / ယိုပေါက် များစွာ ရဲ့ ရင်းမြစ် ကို ထိန်းချုပ်နိုင် စွမ်းရှိရမှာအမှန်ပါ။
မန်နေဂျာ ဆို ပြီး ဖြစ်လာရင်တော့
နေ့စဉ်၊အပတ်စဉ်၊ လစဉ် ရုံးခန်းComputer တစ်လုံးထဲ ကနေ Room Segmentation တွေ သုံးသပ် ၊ Competitors တွေ ကိုသုံးသပ် ၊ SWOT Analysis လုပ် SMART GOALS တွေ ချ , Marketing Technic တွေ ချ ပြီး HOD တွေ နဲ့ Strategies တွေ ရေး ၊ ဝန်ထမ်းတွေ အတွက် ရပိုင်ခွင့် / အခွင့်အရေးနဲ့ စည်းမဲ့ကမ်းမဲ့ ဝန်ထမ်းတွေ အတွက် Action Plan တွေ ချရေး နဲ့ မိုးလင်း ကနေမိုးချုပ် အချိန်ကုန် လို့ မှန်း မသိ ဖြစ် နေ တာ အမှန် ပါ ။
ဘာ လုပ်ရမလဲ မသိဘူး ဆိုရင်တော့ အိယောင်ဝါး ဂျာကြီး လို အားလုံး က သုံးသပ်လိမ့်မယ်။
Follow the Hospitality Ethics
နောက်ဆုံးအရေးအကြီးဆုံးတစ်ချက် က
ဝန်ဆောင်မှုနယ်ပယ် မှာ မန်နေဂျာ ဆို ပြီး ဖြစ် လာပြီဆိုတာနဲ့ မဖြစ် မနေ လိုက်နာဆောင်ရွက် ရမယ့် ကျင့်ဝတ်တွေ အားလုံး ကို လိုက်နာ ဆောင်ရွက် နိုင်မှ ဒီ နယ်ပယ် မှာ မန်နေဂျာ ကောင်းတစ်ယောက် အဖြစ် ကောင်းကောင်းကြီး ရပ်တည် နေနိုင်မှာ အမှန်ဖြစ်ပါတယ်။
မန်နေဂျာ တစ်ယောက် ဖြစ်လာပြီ ဆိုရင် တော့ လုပ်ရမယ့်အချက်တွေ က တော့ အများကြီးကျန်သေး ပါတယ် ။ ခု ဟာ ခဏ ခဏ မေး နေကြတဲ့ ညီ/ညီမလေးတွေ အတွက် ကော Management Level ကို ကူးပြောင်းကြမယ့် ညီ/ညီမ တွေ အားလုံးသိအောင် လေ့လာထားသမျှလေးမျှဝေပေးတာပါ။
လိုအပ်ချက် မှန်သမျှကို ထပ်ဆင့် ဖြည့်စွက် မျှဝေနိုင်ပါတယ် ခင်ဗျာ .